ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၌ ငါးဖမ်းလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ရေလုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့် ပတ် သက်၍ မိမိပိုင် ငါးဖမ်းရေယာဥ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လိုခြင်း၊ ဈေး ကွက်၏ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၀၂ခုနှစ်တွင် စက်ရုံကို စတင်တည်ထောင်ခဲ့ပါသည်။ ဦးစွာပထမ စက်ကိရိယာပစ္စည်းများ တင်သွင်းပြီးနောက် အတက်ပညာနှင့် စပ်လျဥ်း၍ အဆက်မပြတ် စမ်းသပ်စစ် ဆေးမှုများပြုလုပ်ကာ ကုန်ပစ္စည်း အရည်အသွေးမြင့်မားသည်ထက် ပိုမိုမြင့် မားလာစေရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။ ပမာဏအနေနှင့် ကုန်ပစ္စည်းကို ကုမ္ပဏီပိုင် ငါးဖမ်းရေယာဥ်အား စတင်သုံးစွဲစေခဲ့ပြီး လိုအပ် သည်များပြန်လည် ဖြည့်ဆည်းမှုများ ပြုလုပ်ခဲ့ပါသည်။ ဤသို့ အဆင့်ဆင့် စမ်းသပ်ရရှိလာသည့် ကုန်ပစ္စည်းကို ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် သုံးစွဲသူများ၏ အားပေးမှုကို လက်ခံရရှိခဲ့ပါသည်။ ယခုအခါ စင်္ကာပူ ဟွာကျားကုမ္ပဏီမှ နည်းပညာရှင်နှင့် အုပ်ချုပ်ရေးမှူးများ လာရောက်၍ စက်ရုံမှ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးစံချိန်မီစေရန် ဆောင်ရွက် လျက်ရှိပါသည်။